Wednesday, September 23, 2009

အမေ့သား

တစ်ခါတစ်လေ

တစ်ချို့တစ်ချို့အချိန်တွေမှာ

ငါမှားရင် မှားနေလိမ့်မယ်...

အကယ်၍ ငါမှားခဲ့ရင်တောင်

ရိုးသားစွာ ငါ မှားတာပါ…

ခိုးစားသွားသူတွေက

ငါ့ကို သူခိုးလို့ စွတ်စွဲသွားတဲ့အထိ

ငါ ရိုးသားလိုက်တယ်…

ဒါပေမယ့် လောကကြီးရယ်…

ငါမှားနေသလား…???

ရိုးသားလို့ မှားတယ်ဆိုရင်တော့

ငါ သေတဲ့အထိ ရိုးသားစွာနဲ့ သွားလိုက်မယ်…

ဘာလို့လဲဆိုတော့ ငါဟာ အမေသားမို့ ပါ....

Monday, September 21, 2009

အစွန်းအထင်း

နှစ်ယောက်တစ်အိမ်မက်ဘ၀ဆိုတာရေပွက်သလိုပဲတဲ့လဟုတ်လား ?????????????လုပ်စားခံခဲ့ရတဲ့သက္ကရာဇ်တွေရဲ့ လတစ်ဝက်မှာလေဦးနှောက်တွေတစ်ခြမ်းစာပဲ့ ရွဲ့ နှလုံးသားတစ်ခုစွန်းထင်းလက်မခံလို့ မရတဲ့ အကြောင်းတရားတွေသူတို့ တွေလေ အဖြူရောင်ကိုညစ်ထေးအောင်အရောင်တွေဆိုးပစ်ကြတယ်မေတ္တာဆိုတာ.......သစ္စာဆိုတာ........
ကတိဆိုတာ.........
အချစ်ဆိုတာ.........
အဲဒါတွေရဲ့  အစားသင်ကြားခံခဲ့ရတဲ့ ပုံစံတွေအနာဂတ်အတွက်မငဲ့ကွက်ပဲသစ္စာတရားတွေနဲ့ သတ္တိရှိပြချင်ခဲ့တယ်တတ်နိုင်ရင် ဓားထက်ထက်တစ်ချောင်းဖြစ်ချင်ခဲ့တယ်မသမာမှုတွေကိုမုန်းတီးစွာနဲ့ ခုတ်ထွင်ချင်လို့ ဒါပေမယ့် အမုန်းမှာအချစ်မတွေ့ အချစ်မှာလဲသစ္စာမတွေ့ တကယ်တော့လေအဖြူရောင်နှလုံးသားမှာဘာဆိုဘာမှမရှိတော့တာ . . . ...

Wednesday, August 19, 2009

Life

ခံစားမှု အပိုင်းအစများ
မိုးသည်းသည်းနေ့တွေငါ့ရင်ကို အညှိုးနဲ့ ရွာချပေါ့ဟောဟို ကောင်းကင်ကလှလှပပ ရက်စက်ခြင်းကငါ့အလွမ်းတွေအတွက်ဓားထက်ထက်လား...............?လှောင်ပိတ်နေတဲ့လောက မီးခိုးမြူတွေကြားဘယ်မှာလည်းအမှန်တရားရေမျှော်လင့်ချက် အပိုင်းအစအချို့ကတော့ ငါ့ကိုလှောင်ပြောင်လို့နှုတ်ဆက်ထွက်ခွာသွားလေရဲ့ချစ်ခြင်းတဲ့အဲ့ဒီ ဖိတ်စာတစ်စောင်လိပ်စာမပါဘဲ ငါ့ဆီလာရောက်လည်ပတ်ခဲ့ပေါ့ဘယ်မှာလည်းနူးညံ့ခြင်းရေမင်းကို ငါစောင့်နေတယ်ဘုရားသခင်ရဲ့ သမ္မာကျမ်းကိုငါ ဆုတ်ဖြဲမိပေါ့ငွေလမင်းရေလမ်းကြုံရင်လည်းပြောပေးပါလားငါ့ဘဝ ဖြစ်တည်မှုငါ့ အိတ်ထဲမှာမွှေးရနံ့တွေနဲ့သင်းပျံ့နေခဲ့တယ်အမှန်တရားတဲ့လားငါ့မှာတော့........အမှား တစ်ရံနဲ့ဟန်ဆောင်အပြုံးတွေ

Wednesday, July 15, 2009

ပန်းတိုင်၏အခြားတစ်ဖက်

တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့.. အိမ်မက်ဘ၀တွေလှပစေဖို့ ..ရည်မှန်းကြီးကြီးနဲ့ ပန်းတိုင်တစ်ခုဆီ ခရီးထွက်ခဲ့ပြီအမေ။... ကိုယ့်ရွက်ကိုယ်ပြင် ကိုယ့်ခရီးကိုယ်နှင်လို့ ..မတိမ်းမစောင်း ..ဗိန်းမောင်းမတီးရအောင် ကိုယ့်မာန၊ကိုယ့်တန်ဖိုး၊ကိုယ့်ခွန်အား ...လှော်တက်နဲ့ လှော်ခတ်နေပေမယ့်.... မျှော်လင့်ချက် ပန်းတိုင်တွေကို ထင်းစိုက်ချင်နေသူတွေက အပြည့်။ .....အမေပြောခဲ့တဲ့စကား စေတနာသည် လူတိုင်းနှင့် ထိုက်တန်၏ မှန်ခဲ့လိမ့်မယ်အမေ။ ဒါပေမယ့် အဲဒီစေတနာနှင့်ယုံကြည်မူတွေကို... အလွှဲသုံးစား လုပ်နေသူတွေကအများအပြား..... တစ်လှေထဲစီး တစ်ခရီးထဲသွား .....အားငယ်သူဖေးမကူ လက်တွဲခေါ်ယူ ရိုင်းပင်းကူဆိုတဲ့ ....ဆောင်ပုဒ်တွေလည်း ရှိခဲ့လိမ့်မယ်အမေ။ ...ဒါပေမယ့် ငတေမာရင်ပြီးရောဆိုသူအချို့ကြောင့် ပန်းတိုင်တွေဆီ ....လှမ်းနေတဲ့ ခြေလှမ်းအချို့လည်း လမ်းသိပေမယ့် ခရီးမရောက်ကြဘူးအမေ။... အသံကြောင် သေခဲ့ရတဲ့နေ့တွေ ...အမှန်တရားကြောင့် ကျေခဲ့ရတဲ့စိတ်တွေ ဘယ်သူတွေများ မျှဝေခံစားဖူးကြလဲ။ ....ကိုယ့်အိမ်မှာတော့ ခြင်္သေ့ .... သူနေရာရောက်တော့ ကြွက်တဲ့ ကြောင်လိုက်လို့ .....ပြေးနေရတဲ့ကြွက် မဟုတ်ပေမယ့် ခြင်္သေ့မှန်းသိအောင်တော့ ....တောဟိန်းပြချင်မိတယ် အမေ။