Thursday, October 29, 2009

နင်ဟာ ငါ့ရဲ့

မင်းကငါ့ရဲ့ အချစ်စစ်ရဲ့ ပထမ
မင်းမှာရှိတယ် ငါလိုချင်တဲ့ အရည်အချင်းတွေ
မင်းမှာရှိတယ် ငါလိုချင်တဲ့ အတွေးအခေါ်တွေ

ငါလိုချင်ခဲ့တယ် ငါ့ရဲ့ဘ၀မှာ
မင်းမရှိတဲ့နေရာမှာ ငါဘယ်လိုအသက်ဆက်ရမလဲ

နေ့တိုင်း အိပ်ယာနိုးရင် မင်းနဲ့ဆုံဆည်းရတဲ့ အတွက်
ငါဟာ ကံအကောင်းဆုံးပဲ
အိပ်ယာဝင်တိုင်း မင်းအကြောင်းတွေစဉ်းစားရင်းနဲ့ပဲ
အိပ်ပျော်ခဲ့တယ်။

တကယ်ပါ
ငါကိုယ်ငါတောင် ငါမသိခဲ့ပါဘူး
ငါမင်းကို ဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ

တစ်ခါတစ်လေ ငါတို့ရန်ဖြစ်ခဲ့ကြတယ်
ဒါပေမယ့် ဒို့တွေ ပျော်ရွှင်ခြင်းနဲ့ပဲ အဆုံးသတ်ခဲ့တယ်။

ငါ မင်းနဲ့ပဲ ထာဝစဉ် ပျော်ရွှင်စွာ နေချင်ပါတယ်
ငါ့ရဲ့ အရာရာတိုင်းက မင်းအတွက်ပါ..
ငါ့ရဲ့ စိတ်တွေက အချိန်တိုင်း မင်းဆီမှာပါ....

No comments:

Post a Comment