Wednesday, September 23, 2009

အမေ့သား

တစ်ခါတစ်လေ

တစ်ချို့တစ်ချို့အချိန်တွေမှာ

ငါမှားရင် မှားနေလိမ့်မယ်...

အကယ်၍ ငါမှားခဲ့ရင်တောင်

ရိုးသားစွာ ငါ မှားတာပါ…

ခိုးစားသွားသူတွေက

ငါ့ကို သူခိုးလို့ စွတ်စွဲသွားတဲ့အထိ

ငါ ရိုးသားလိုက်တယ်…

ဒါပေမယ့် လောကကြီးရယ်…

ငါမှားနေသလား…???

ရိုးသားလို့ မှားတယ်ဆိုရင်တော့

ငါ သေတဲ့အထိ ရိုးသားစွာနဲ့ သွားလိုက်မယ်…

ဘာလို့လဲဆိုတော့ ငါဟာ အမေသားမို့ ပါ....

No comments:

Post a Comment