Thursday, October 29, 2009

နင်ဟာ ငါ့ရဲ့

မင်းကငါ့ရဲ့ အချစ်စစ်ရဲ့ ပထမ
မင်းမှာရှိတယ် ငါလိုချင်တဲ့ အရည်အချင်းတွေ
မင်းမှာရှိတယ် ငါလိုချင်တဲ့ အတွေးအခေါ်တွေ

ငါလိုချင်ခဲ့တယ် ငါ့ရဲ့ဘ၀မှာ
မင်းမရှိတဲ့နေရာမှာ ငါဘယ်လိုအသက်ဆက်ရမလဲ

နေ့တိုင်း အိပ်ယာနိုးရင် မင်းနဲ့ဆုံဆည်းရတဲ့ အတွက်
ငါဟာ ကံအကောင်းဆုံးပဲ
အိပ်ယာဝင်တိုင်း မင်းအကြောင်းတွေစဉ်းစားရင်းနဲ့ပဲ
အိပ်ပျော်ခဲ့တယ်။

တကယ်ပါ
ငါကိုယ်ငါတောင် ငါမသိခဲ့ပါဘူး
ငါမင်းကို ဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ

တစ်ခါတစ်လေ ငါတို့ရန်ဖြစ်ခဲ့ကြတယ်
ဒါပေမယ့် ဒို့တွေ ပျော်ရွှင်ခြင်းနဲ့ပဲ အဆုံးသတ်ခဲ့တယ်။

ငါ မင်းနဲ့ပဲ ထာဝစဉ် ပျော်ရွှင်စွာ နေချင်ပါတယ်
ငါ့ရဲ့ အရာရာတိုင်းက မင်းအတွက်ပါ..
ငါ့ရဲ့ စိတ်တွေက အချိန်တိုင်း မင်းဆီမှာပါ....

ချစ်နေဆဲ

ငါမင်းကို လမ်းခွဲမယ်လို့ ပြောခဲ့လည်း
ငါ့ရဲ့ကဗျာ ငါ့ရဲ့စာတွေထဲမှာ
မင်းအကြောင်း မင်းရဲ့ ပုံရိပ်တွေက
ထာဝစဉ် ငါ့ရဲ့ကဗျာ ငါ့ရဲ့စာတွေထဲမှာ
အမြဲဦးဆောင်ပြီး
ထိပ်ဆုံးနေရာမှာ ရှိနေမှာပါ။

ငါ့ရဲ့ကမ္ဘာ

.....မိဘတွေကလည်း သိပ်ဂရုမစိုက်
ဆွေမျိုးတွေကလည်း သဘောမကျ
အပေါင်းအသင်တွေကလည်း သိပ်အရေးမထား
ချစ်ရတဲ့သူကလည်း ဥပက္ခာပြုထားရင်ပေါ့.....
...ငါ့ကိုယ်ငါတောင်ချစ်ခဲ့ဖူးရဲ့လား မသိတော့ဘူး.............။
စေတနာထားလိုက်ရင် ဝေဒနာတွေပဲခံစားရသလို
မေတ္တာပေးလိုက်မိရင်လည်း သစ္စာမဲ့တာနဲ့ပဲကြုံရတယ်
ယုံကြည်ထားလိုက်သမျှလည်းအကုန်အမှားတွေပဲမို့
လုပ်သမျှလည်း ဒုက္ခတွေပါပဲလေ........။
တွေးခေါ်တိုင်းလည်း အလွဲအချော်တွေပဲမို့
ဘေးလူတွေကလည်း ဖေးမလို့မကူတဲ့အပြင်ကဲ့ရဲ့ရင်း.......................................အတင်းအဖျင်းပြောသမျှတွေလည်းစောဒကတွေမပေးတော့ပါ
ဘူးရူးတယ်ပဲထင်ချင်ထင်ပါစေ.....
ငါကတော့........လုပ်ချင်တာလုပ်မှာပဲ...။MoeZatt1:44 pm (wed)
http://www.planet.com.mm

Sunday, October 25, 2009

မင်းရဲ့အချစ်

မင်းရဲ့အချစ်က ဘလာနတ္ထိ
သို့ပေမယ့် အသပြာတွေသာရှိ
မင်းရဲ့ရင်မှာ တစ်ခဏသာ
ငါရပ်ကြည့် ခံစားမိ
အသပြာတွေသာ အတိ
ငါ့ရဲ့အချစ်က ငါ့အတွက်မှာ
အတ္တမရှိ
မင်းအတွက်သာ အမြဲကြည့်
ကြည့်ရင်းနဲ့သာ ကန်းသွားမိ
ဒီအချိန်မှာ ဒုက္ခအတိနဲ့
ငါ...တစ်ယောက်တည်းသာရှိ။

Saturday, October 24, 2009

အချစ် ဆိုတာ

အချစ်ဆိုတဲ့ အချစ်ကို
မသိခဲ့တုန်းကပေါ့
အချစ် ဆိုတာ ပြည့်စုံစေတယ်
အရာရာ ကိုပေါ့
အချစ် ဆိုတာ ရွှင်လန်းစေတယ်
စိတ်ကိုပေါ့
အချစ် ဆိုတာ ပြီးမြောက်စေတယ်
ကိစ္စတိုင်းကိုပေါ့
နောက်ဆုံးတော့ သိလိုက်ရပါပြီ
အချစ် ဆိုတာ တဖြည်းဖြည်းချင်း
တစ်စတစ်စနဲ့အိုဇုန်းလွှာပေါက်သလို
တဖြည်းတဖြည်းချင်း အဆိုးအဆိုးဘက်သို့သာ
ဦးတည်နေခြင်းသာ...ပါ